
Luffy တို့အဖွဲ့ဟာဆိုရင် ဇာတ်ကားစစချင်းမှာတင် ရေတပ်ရဲ့သည်းကြီးမဲကြီးလိုက်ဖမ်းတာကိုခံရရင်း ကျွန်းတစ်ကျွန်းမှာသောင်တင်နေပါတယ်။ အစားပုတ်တဲ့ Luffy ကြောင့် ပါလာသမျှငွေလဲဗိုက်ထဲ ရောက်သွားတော့ ဘိုင်တော်တော်ပြတ်နေတဲ့အခြေအနေကိုရောက်နေတယ်။
ငွေချစ်ခင် Nami san ကတော့ ကိုယ်တွေလိုငွေမရှိရင်မနေနိုင်သူလေးပါ။ တစ်ညတော့ ဘားမှာစားကြရင်း ဘားကလူရဲ့လမ်းညွှန်မှုကြောင့် မြေအောက်တရားမဝင်ပြိုင်ပွဲတစ်ခုအကြောင်းသိသွားကြတယ်။ ပင်လယ်ဓားပြတွေအတွက်ပြင်းထန်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပန်းတိုင်နေရာကိုအရင်ရောက်သူက ဆုကြေးကိုပိုင်ဆိုင်မှာပါ။ ဒါကိုကြားပြီးနောက် Luffy တို့အုပ်စု မတုံ့မဆိုင်းဝင်ပြိုင်ပါတော့တယ်။
တစ်ဖက်မှာလဲ ရေတပ်ဟောင်း အရာရှိ Gasparde ရဲ့အကျင့်ယုတ်မှုတွေနဲ့ ပြိုင်ပွဲတစ်လျှောက်ဘယ်လိုတွေ အကွက်ကျော်တိုက်ခိုက်ခံရမလဲစိတ်ဝင်စားစရာပါ။ ဒါ့အပြင် လမ်းမှာ Luffy တို့သင်္ဘောပေါ်ကို ခိုးလိုက်လာသူတစ်ယောက်ရှိပါတယ် ။အဲဒါကဘယ်သူလဲ ဘာရည်ရွယ်ချက်နဲ့လိုက်လာတာလဲ။ Luffy တို့ကရော နောက်ဆုံးမှာဆုကြေးကိုပိုင်ဆိုင်နိုင်မှာသေချာရဲ့လား ဆိုတာကို ဇာတ်လမ်းကိုကြည့်ပြီးအဖြေရှာလိုက်ရအောင်နော်…။