
ဒီဇာတ်ကားကတော့ ၁၉၆၅-ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီးတီဗွီစီးရီးတစ်ခုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ သိပ္ပံစွန့်စားခန်းအမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ အနာဂတ်ကာလ ၂၀၅၈-ခုနှစ်မှာဇာတ်တည်ထားပြီး ကမ္ဘာမြေကြီးက သဘာဝပြဿနာတွေနဲ့ လူတွေက ပေးတဲ့ပြဿနာတွေကြောင့် ပျက်စီးခါနီးအခြေအ နေကိုရောက်လုနီးပါးဖြစ်နေပါပြီ။
ဒီတော့လဲလူသားတွေရဲ့ထုံးစံအတိုင်း လူတွေနေနိုင်မဲ့ ဂြိုလ်အသစ်တစ်ခုကိုထပ်ရှာကြတာပေါ့။ လိုက်ရှာကြရင်းနဲ့ ကံကောင်းထာက်မစွာနဲ့ပဲ(အယ်ဖာပရိုင်း)ဆိုတဲ့ကမ္ဘာ မြေနဲ့အရမ်းတူတဲ့ဂြိုလ်တစ်ခုကိုသွားတွေ့တယ်။ အဲဒီလို တွေ့ပြီးနောက်မှာ အဲဒီဂြိုလ်ကို ဉာဏ်ကြီးရှင်မိသားစုဖြစ်တဲ့ရော်ဘင်ဆန်မိသားစုကို လေ့လာဖို့တာဝန်ပေးခံရပါတယ်။
ဒါပေမဲ့ သူတို့သွားပြီမကြာဘူး ၊ အာကာသယာဉ်ပေါ်မှာဒုက္ခပေးဖို့လိုက်လာတဲ့ ဒေါက်တာစမစ်ဆိုသူကြောင့် အရာရာဟာအလွဲလွဲအချော်ချော်တွေဖြစ်ပြီး အာကာသထဲမှာ တစ်မိသားစုလုံး လမ်းပျောက်ကုန်ကြပါတယ်။
အဲဒီကနေမှ မထင်မှတ်ထားတဲ့အန္တရာယ်အသွယ်သွယ်ကိုဖြတ်ကျော်ပြီး သူတို့ဦးတည်ရာကို ရောက်နိုင်မလားဆိုတာကတော့ ကိုယ်တိုင်ကြည့်ရှုရင်းနဲ့ပဲ ခံစားပေးကြပါဦး။